Admissions

ကျောင်းအပ်နှံရေး

Join the MNPHS family

MNPHS ကျောင်းမိသားစုသို့ ကြိုဆိုပါသည်

We welcome students from Grade 5 to Grade 12. Enrolment is simple — here is everything you need to know.

Grade ၅ မှ Grade ၁၂ အထိ ကျောင်းသား ကျောင်းသူများကို ကြိုဆိုပါသည်။ ကျောင်းအပ်ခြင်းမှာ လွယ်ကူပါသည် — သိထားသင့်သည်များကို အောက်တွင် ဖော်ပြထားပါသည်။

Who Can Applyမည်သူများ လျှောက်ထားနိုင်သနည်း

Open to students aged 10 to 17

အသက် ၁၀ နှစ်မှ ၁၇ နှစ်အထိ ကျောင်းသားများအတွက် ဖွင့်လှစ်ထားပါသည်

We accept students entering Grade 5 through Grade 12, including transfer students from other schools.

အခြားကျောင်းများမှ ပြောင်းရွှေ့လာသော ကျောင်းသားများအပါအဝင် Grade ၅ မှ Grade ၁၂ အထိ ဝင်ရောက်မည့် ကျောင်းသားများကို လက်ခံပါသည်။

Grades 5 – 9 · Ages 10 – 14 Grade ၅ – ၉ · အသက် ၁၀ – ၁၄ နှစ်

Middle School

အလယ်တန်းအဆင့်

Strong foundations in the core subjects, with caring teachers who follow each student's progress closely.

အခြေခံဘာသာရပ်များကို ခိုင်မာစွာ သင်ကြားပေးပြီး ဆရာ ဆရာမများက ကျောင်းသားတစ်ဦးချင်းစီ၏ တိုးတက်မှုကို ဂရုတစိုက် စောင့်ကြည့်ပေးပါသည်။

Grades 10 – 12 · Ages 15 – 17 Grade ၁၀ – ၁၂ · အသက် ၁၅ – ၁၇ နှစ်

High School

အထက်တန်းအဆင့်

Focused preparation for the matriculation examination with specialised subjects and regular practice tests.

အထူးပြုဘာသာရပ်များနှင့် ပုံမှန်လေ့ကျင့်စာမေးပွဲများဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် အထူးဂရုပြု ပြင်ဆင်ပေးပါသည်။

How to Applyလျှောက်ထားပုံ

Four simple steps

ရိုးရှင်းသော အဆင့် ၄ ဆင့်

Contact the school office

ကျောင်းရုံးခန်းသို့ ဆက်သွယ်ပါ

Call 09-777 732 033 or 09-777 732 030, message our Facebook page, or drop by in person to ask about available places.

၀၉-၇၇၇ ၇၃၂ ၀၃၃ သို့မဟုတ် ၀၉-၇၇၇ ၇၃၂ ၀၃၀ သို့ ဖုန်းဆက်၍သော်လည်းကောင်း၊ Facebook စာမျက်နှာမှတစ်ဆင့်သော်လည်းကောင်း၊ လူကိုယ်တိုင်သော်လည်းကောင်း နေရာလွတ်ရှိမရှိ မေးမြန်းနိုင်ပါသည်။

Visit the campus

ကျောင်းဝင်းသို့ လာရောက်လည်ပတ်ပါ

Tour our classrooms, library, computer room and science lab, and meet the teachers who will guide your child.

စာသင်ခန်းများ၊ စာကြည့်တိုက်၊ ကွန်ပျူတာခန်းနှင့် ဓာတ်ခွဲခန်းတို့ကို လှည့်လည်ကြည့်ရှုပြီး သားသမီးကို လမ်းညွှန်ပေးမည့် ဆရာ ဆရာမများနှင့် တွေ့ဆုံနိုင်ပါသည်။

Submit the enrolment documents

ကျောင်းအပ်စာရွက်စာတမ်းများ တင်သွင်းပါ

Complete the enrolment form and bring the usual documents — previous school records or transfer certificate, and recent photos. The office will confirm the exact list.

ကျောင်းအပ်လျှောက်လွှာကို ဖြည့်စွက်ပြီး ယခင်ကျောင်း၏ မှတ်တမ်းများ သို့မဟုတ် ကျောင်းပြောင်းလက်မှတ်နှင့် လိုင်စင်ဓာတ်ပုံများကဲ့သို့သော စာရွက်စာတမ်းများ ယူဆောင်လာပါ။ တိကျသောစာရင်းကို ရုံးခန်းမှ အတည်ပြုပေးပါမည်။

Confirm the place

နေရာအတည်ပြုပါ

Once the office confirms the enrolment, your child is ready to start the new academic year with us.

ကျောင်းအပ်လက်ခံကြောင်း ရုံးခန်းမှ အတည်ပြုပြီးသည်နှင့် သားသမီးသည် ပညာသင်နှစ်အသစ်ကို ကျွန်ုပ်တို့နှင့်အတူ စတင်ရန် အသင့်ဖြစ်ပါပြီ။

Places are limited — get in touch early

နေရာအကန့်အသတ်ရှိပါသည် — စောစီးစွာ ဆက်သွယ်ပါ

Our office is happy to answer any question about enrolment or the curriculum.

ကျောင်းအပ်ခြင်းနှင့် သင်ရိုးညွှန်းတမ်းဆိုင်ရာ မည်သည့်မေးခွန်းကိုမဆို ရုံးခန်းမှ ဝမ်းမြောက်စွာ ဖြေကြားပေးပါမည်။